Pages

Facebook Tip #5: Call To Action ခလုတ် ထည့်သွင်းခြင်း


Call To Action ထည့်သွင်းခြင်းအားဖြင့် ကိုယ့် Page ကို အလည်လာတဲ့ user များကို လုပ်ဆောင်စေချင်တဲ့ Action တစ်ခုခုကို လုပ်ဆောင်ဖို့ တွန်းအားပေးလို့ရပါတယ်။

ထည့်သွင်းလို့ရတဲ့ CTA များကတော့ Book Now, Call Now, Contact Us, Send Message, Use App, Play Game, Shop Now, Sign Up, Watch Video, Send Email နဲ့ Learn More ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒါတွေထဲက ကိုယ်လုပ်စေချင်တဲ့ လုပ်ဆောင်ချက်ကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါတယ်။

ဥပမာ ကိုယ့်ကို ဖုန်းခေါ်စေချင်ရင် Call Now ကို ရွေးမယ်၊ ကိုယ့် App ကို ထည့်သွင်းမယ်ဆိုရင် Use App ကို ရွေးမယ် ဒီလိုမျိုးပေါ့။

အရေးကြီးတာက User ကို ကိုယ်လုပ်စေချင်တဲ့ Action လုပ်ဖို့အတွက် တိုက်တွန်းပေးနိုင်ဖို့လိုပါတယ်။ တစ်ချို့ Page တွေမှာ ဆိုရင် Cover Photo ကို Call To Action ခလုတ်နဲ့ ချိတ်ပြီး ဒီဇိုင်းရေးဆွဲထားတာမျိုး ရှိပါတယ်။ အောက်ပါ ဥပမာပုံမှာ ကြည့်နိုင်ပါတယ်။




Unknown

No comments:

Post a Comment

Instagram