2017 ရောက်ပါပြီ။ 2017 ဟာ Digital Marketing လောကအတွက် တော်တော်လေး မျှော်လင့်ထားရတဲ့ နှစ်တစ်နှစ် ဖြစ်တာနဲ့အညီ Digital ပိုင်းမှာ ပိုပြီးတိုးတက်လာဖို့ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့လဲ အလုပ်တွေ ပိုပြီးလုပ်သွားဖို့ရှိပါတယ်။ 2017 ရဲ့ ပထမဆုံး နေ့ရက်မှာ blog ရေးတာထက် ကျွန်တော်ဆက်သွားမယ့် အစီအစဉ်တွေကို မျှဝေပေးတာက ပိုကောင်းမယ်ထင်လို့ 2017 မှာ ကျွန်တော်ဘာတွေလုပ်မလဲဆိုတာလေး ပြောပြပါရစေ။
2017 မှာ ကျွန်တော် သင်တန်းတွေ ဖွင့်ဖြစ်ပါဦးမယ်။ အရင်ထက် ပိုတိုးပြီး ဖွင့်ဖို့ စဉ်းစားထားပါတယ်။ လောလောဆယ်တော့ တစ်နေရာတည်းမှာပဲ ဖွင့်နေရာကနေ 2017 မှာ အခြား နေရာတွေလဲ တိုးဖွင့်ချင်ပါတယ်။
Online ကနေ စာစသင်ဖို့ စဉ်းစားထားပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ သင်မလဲ၊ ဘယ် platform သုံးမလဲ ဆိုတာ မသေချာသေးပေမယ့် သေချာတာကတော့ Video နဲ့သင်မယ်၊ ဈေးနည်းနည်း သက်သက်သာသာနဲ့ မြန်မာနိုင်ငံအနှံ့ နေရာစုံကလူတွေ တက်နိုင်မယ့် ပုံစံမျိုးဖြစ်ဖို့ စဉ်းစားထားတယ်။
အပတ်စဉ် Podcast Series တစ်ခု စလုပ်ဖို့ စဉ်းစားထားပါတယ်။ အသံနဲ့ သင်ပေးတဲ့ ပုံစံမျိုးပါ။ တစ်ခုရှိတာက Digital Marketing ကို အသံချည်းပဲ သင်ဖို့က ခက်တယ်၊ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် အခြား Topic တစ်ခုခုကို Podcast သွားမယ်လို့ စီစဉ်နေပါတယ်။ အဖြစ်နိုင်ဆုံးကတော့ Myanmar Leaders ကနေ စဖြစ်ဖို့ များပါတယ်။
အရင်ကလိုပဲ blog ကတော့ ရေးနေဦးမှာပါပဲ။ ကျွန်တော့်ရဲ့ audience ကိုရော ကျွန်တော့်ကို ကျွန်တော်ရော ကတိပေးထားတဲ့အတိုင်း ကြာသပတေး နဲ့ တနင်္ဂနွေ နေ့တိုင်း တင်ပေးတဲ့ ပုံစံကို ဆက်ထိန်းထားမှာပါ။ Social Media Consulting နဲ့ Content Development Service တွေကိုလဲ လာအကူအညီ တောင်းတဲ့သူရှိရင် ဆက်ပေးဖြစ်နေပါဦးမယ်။
အားလုံးပဲမင်္ဂလာပါ။ 2017 ကို ကြိုဆိုရင်း ပိုမိုပျော်ရွှင်အောင်မြင်ကြပါစေ။ ကျွန်တော်သည်လည်း လူတွေကို ဒီထက်ပို ကူညီပေးနိုင်သူ ဖြစ်ပါစေ။
#AungMonChan
Like MyPage (or) Follow Me at Aung Mon Chan
No comments:
Post a Comment