Pages

လုပ်ငန်းရှင်များအတွက် Online Marketing ရက်တိုသင်တန်း


တိုးတက်လာတဲ့ နည်းပညာခေတ်ထဲမှာ ဖုန်းအသုံးပြုတဲ့နှုန်း အများကြီးတိုးတက်လာသလို၊ အင်တာနက်အသုံးပြုတဲ့နှုန်းလဲ အံ့မခန်း တိုးတက်လာပါတယ်။ ဒီအတွက် လုပ်ငန်းရှင်တွေအနေနဲ့လဲ အင်တာနက်ပေါ်ကို ကိုယ့်လုပ်ငန်းကိုတင်ဖို့ အထူးလိုအပ်လာပါပြီ။

Digital Wave က စီစဉ်သင်ကြားမယ့် “လုပ်ငန်းရှင်များအတွက် Online Marketing ရက်တိုသင်တန်း” မှာ သင့်လုပ်ငန်းကို အင်တာနက်ပေါ်တင်ဖို့အတွက် အဓိကလိုအပ်ချက်များဖြစ်တဲ့

  • Facebook Marketing – Facebook မှာ Page တည်ဆောက်နည်း၊ ကြော်ငြာထည့်သွင်းနည်း၊ Post တွေတင်နည်း၊ Campaign တွေနဲ့ ထိုးဖောက်နည်း
  • Creating A Website for Your Business -– Wordpress CMS ကို အသုံးပြုပြီး သင့်လုပ်ငန်းအတွက် Website တစ်ခုကို ကုန်ကျစားရိတ် နည်းနည်းနဲ့ တည်ဆောက်နည်း
  • SEO - သင့် website ကို Google လို search engine မျိုးမှာ စာရင်းသွင်းနည်း၊ Google မှာ ရိုက်ရှာလိုက်ရင် သင့် website က ထိပ်ဆုံးမှာပေါ်အောင် အခမဲ့ ပြုလုပ်နည်း
  • Email Marketing - လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပါတနာတွေ၊ Potential Customer တွေဆီ Email ပို့နည်း၊ Email စုဆောင်းနည်း၊ Email ရေးသားနည်း
  • Linkedin Marketing - လုပ်ငန်းရှင်များအတွက် B2B ရောင်းဝယ်ရာမှာရော ဝန်ထမ်းခန့်အပ်ရာမှာပါ အသုံးဝင်တဲ့ Linkedin Social Network အသုံးပြုနည်း၊ Linkedin မှာ ကြော်ငြာထည့်သွင်းနည်း
  • Content Marketing - လုပ်ငန်းရှင်များအတွက် မိမိတို့လုပ်ငန်းများကို အကောင်းဆုံး ကြော်ငြာနိုင်ဖို့ စာရေးသားနည်း၊ ပုံများ၊ GIF ခေါ် အခြေခံ Animation များဖန်တီးနည်း


ဒီ Online Marketing နည်းပညာများကို အချိန်တိုအတွင်း လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းတက်ရောက်သူများအတွက်နေ့လည်စာ စီစဉ်ပေးမယ့်အပြင် လက်ဖက်ရည်ကော်ဖီ သောက်ရင်း အချင်းချင်း ဆွေးနွေးစကားပြောဆိုနိုင်မယ့် အခွင့်အရေးလဲ ရရှိမှာဖြစ်ပါတယ်။

ဒါတွေအပြင်..

  • 4GB ပမာဏရှိတဲ့ Online Marketing ဗွီဒီယို နဲ့ စာအုပ်များ အခမဲ့ ရယူနိုင်ခြင်း
  • သင်တန်းပြီးတဲ့အခါ ဆက်လက်လေ့လာနိုင်ဖို့အတွက် Facebook Secret Group ထဲသို့ ဝင်ရောက်ပြီး တစ်သက်တာ အခမဲ့ ဆက်လက်လေ့လာနိုင်ခြင်း
  • Digital Wave မှပေးအပ်နေသော Content Marketing Service, Social Media Marketing Service များအတွက် Discount ခံစားခွင့်ရှိခြင်း


စတဲ့ အကျိုးကျေးဇူးများလဲ ရရှိဦးမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်လုပ်ငန်း ယခုထက် တိုးတက်အောင်မြင်ဖို့အတွက် Digital Wave ရဲ့ Online Marketing ရက်တိုသင်တန်းတက်ရောက်ဖို့ ခုပဲ စာရင်းပေးကြပါစို့….

သင်တန်းကြေး - (၁) သိန်းကျပ်
ဖွင့်လှစ်မည့်နေ့ရက် - (၂၂.၁၀.၂၀၁၆) စနေနေ့ (နေ့ချင်းပြီးသင်တန်း)
နေရာ - Kanaung Hub, MICT Park, ရန်ကုန်မြို့
သင်တန်းချိန် - နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
ဆက်သွယ်အပ်နှံရန် - 09 7777 333 80


Unknown

No comments:

Post a Comment

Instagram