Pages

Facebook Tip #1 Facebook Page တစ်ခု စတင် ဖွင့်လှစ်ခြင်း


Facebook Tip #1 Facebook Page တစ်ခု စတင် ဖွင့်လှစ်ခြင်း
(Computer ဖြင့်)

လုပ်ပုံလုပ်နည်း အဆင့်ဆင့်

Step 1: Facebook ကို Login ဝင်ပါ။
Step 2: ညာဘက်အပေါ်ထောင့်မှ အောက်ဖက်သို့စိုက်ထားသည့် မြှားလေးကို နှိပ်ပါ။
Step 3: Create Page ကို ရွေးချယ်ပါ။
Step 4: Page Type အမျိုးအစား (၆) မျိုးတွေ့ရမှာဖြစ်ပါတယ်။

တစ်ခုချင်းစီ ရှင်းပြရရင်

Local Business or Place: မြေပုံပေါ်မှာ ထောက်ပြနိုင်တဲ့ လုပ်ငန်းများဖြစ်တဲ့ စားသောက်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဆေးရုံ၊ စက်ရုံအလုပ်ရုံ အစရှိတဲ့ လုပ်ငန်းများအတွက် ဖြစ်ပါတယ်။

Company, Organization or Institution: ပိုမိုကြီးမားတဲ့လုပ်ငန်းများ၊ နိုင်ငံအနှံ့ကမ္ဘာအနှံ့ တည်ရှိနေတဲ့ လုပ်ငန်းများ နဲ့ ကျောင်းများ၊ အခြားသော အဖွဲ့အစည်းများအတွက်ဖြစ်ပါတယ်။

Brand or Product: ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ ထုတ်ကုန်များအတွက် Page ဖန်တီးဖို့ဖြစ်ပါတယ်။

Artist, Band or Public Figure: Celebrity တွေ၊ အဆိုတော် ရှင်ရှင်သရုပ်ဆောင်၊ အားကစားသမား အစရှိတဲ့ နာမည်ကြီးတွေ၊ တီးဝိုင်းတွေ နဲ့ အခြား နာမည်ကြီးပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေအတွက် ဖြစ်ပါတယ်။

Entertainment: စာအုပ်၊ ရုပ်ရှင်၊ မဂ္ဂဇင်း၊ သီချင်း၊ အားကစား အစရှိတဲ့ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ နယ်ပယ်တွေ အတွက်ဖြစ်ပါတယ်။

Cause or Community: အပေါ်မှာမပါဝင်တဲ့ အခြား Category တွေနဲ့ အပျော်သဘောဖွင့်မယ့် Page တွေ၊ လတ်တလောအဖြစ်အပျက်တွေအတွက် ဖွင့်တဲ့ Page တွေအတွက်ဖြစ်ပါတယ်။

အထက်ပါ Page Type များမှ ကိုယ်နဲ့ကိုက်ညီတဲ့ အကြောင်းအရာကို ရွေးချယ်လိုက်ပါ။

Step 5: About မှာ မိမိ Page အကြောင်း၊ Website URL စသည်တို့ကို ဖြည့်သွင်းပါ။
Step 6: Profile Pic တစ်ခု ရွေးချယ်ပြီးတင်လိုက်ပါ။
Step 7: Add to Favorites ဆိုတာကတော့ ကိုယ့် Page ကို အလွယ်တကူ Access လုပ်နိုင်ဖို့အတွက် Favorites ထဲကို ထည့်မထည့် ရွေးချယ်ဖို့ ဖြစ်ပါတယ်။
Step 6: Preferred Page Audience ဆိုတာကတော့ ကိုယ့် Page ကို Like လုပ်နိုင်မယ့်၊ ဖတ်ရှုနိုင်ချေရှိတဲ့ Audience ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ အသက်အရွယ်၊ Location တည်နေရာ၊ ကျားမ၊ စိတ်ဝင်စားတဲ့ Interest အစရှိတဲ့ အချက်တွေနဲ့ ရွေးချယ်ပေးနိုင်ပါတယ်။

ပြီးရင်တော့ Page အသစ်တစ်ခု ဖွင့်လှစ်ခြင်း အောင်မြင်ပါပြီ။

Facebook Tips အားလုံးကြည့်ရန်
Social Media Tips အားလုံးကြည့်ရန်

Unknown

No comments:

Post a Comment

Instagram