Pages

Facebook Tip 19: သင့်လုပ်ငန်း Facebook Page အတွက် လုပ်သင့်တဲ့ အချက် (၂၀)


(၁) သင့်လုပ်ငန်းရဲ့ အချက်အလက် အပြည့်အစုံကို ထည့်သွင်းထားပါ။ လိပ်စာ၊ ဖုန်းနံပါတ်၊ တည်ထောင်တဲ့ခုနှစ်၊ ပေးနေတဲ့ ဝန်ဆောင်မှုများ  အစရှိသဖြင့် ဖြည့်လို့ရသမျှ အကုန်ဖြည့်ပါ။

(၂) သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် သင့်လျော်ရာ Cover Photo တင်ပါ။ Mobile မှ ကြည့်ရှုသူ များမှာဖြစ်တဲ့ အတွက် Mobile Optimize ဖြစ်ဖို့တော့ မမေ့ပါနဲ့။

(၃) ကြည့်လိုက်တာနဲ့ ထင်းကနဲဖြစ်စေမယ့် Profile Picture သုံးပါ။ ကုမ္ပဏီလိုဂို ထင်းထင်းလေး တင်ထားတာမျိုးလဲ အဆင်ပြေပါတယ်။

(၄) Conversation များများဖန်တီးပါ။ ပို့စ်တစ်ခုတင်ပြီး ပြန်မကြည့်ဘဲ ပစ်မထားပါနဲ့။ လူတွေနဲ့ စကားအပြန်အလှန်ပြော၊ ကွန်းမန့်အပြန်အလှန် ပေးပါ။

(၅) သင့် audience တွေကို အတတ်နိုင်ဆုံး engage လုပ်ပါ။ အမေးအဖြေ ပို့စ်လေးတွေ၊ ဥာဏ်စမ်းလေးတွေနဲ့ သူတို့ engage လုပ်ဖို့ တွန်းအားပေးပါ။

(၆) Visual ပိုင်းကို ဂရုစိုက်ပါ။ ဓာတ်ပုံ၊ video မပါတဲ့ post တွေက Engagement ရော  Reach ပါ နည်းပါတယ်။

(၇) မတူညီတဲ့ Content မျိုးတွေနဲ့ audience ကို surprise လုပ်ပါ။ ပုံတွေ၊ video တွေ၊ poll တွေ၊ event တွေ Canvas, Slideshow သုံးလို့ရသမျှ အကုန်သုံးပါ။

(၈) တိုတိုနဲ့ လိုရင်းရောက်အောင်ရေးပါ။ အရမ်းရှည်လွန်းရင် လူတွေစိတ်မရှည်ကြပါဘူး။

(၉) တစ်နေ့တည်းမှာ ပို့စ်တွေ အများကြီးမတင်ပါနဲ့။ တစ်နေ့ကို တစ်ပို့စ်နဲ့ (၇) ရက် တင်တာနဲ့ တစ်နေ့တည်းမှာ (၇) ပို့စ်တင်တာနဲ့ဆို ပထမတစ်ခုက အများကြီး ပို effective ဖြစ်ပါတယ်။

(၁၀) စိတ်ဝင်စားဖို့ ကောင်းတဲ့ Content မျိုးတွေတင်ပါ။ ဖတ်လိုက်လို့ တစ်ခုခုကျန်ခဲ့ရင် လူတွေက ပြန်လည်မျှဝေ ကြပါတယ်။

(၁၁) အတတ်နိုင်ဆုံး ရိုးသားပါ။ အချက်အလက်လဲ ပြည့်စုံမှန်ကန်ပါစေ။

(၁၂) ပုံမှန်လေး တင်ပါ။ ဥပမာ တစ်ပတ်ကို တစ်ပို့စ်ပဲ တင်ဖို့ အချိန်ရှိတယ်ဆိုရင် ရက်တစ်ရက် သတ်မှတ်ပြီး အဲဒီနေ့ အဲဒီအချိန်မှာတော့ ပုံမှန်တင်ပေးပါ။ ကျွန်တော့် blog မှာ အပတ်စဉ် ကြာသပတေး နဲ့ တနင်္ဂနွေတိုင်း  ညနေ (၆) နာရီမှာ ပုံမှန်တင်နေသလိုပေါ့။

(၁၃) Comment တွေ ဖျက်ရာမှာလဲ ဂရုစိုက်ပါ။ ပေါက်ကရ လင့်ခ်တွေ လာပေးထားတဲ့ Comment တွေကို ဖျက်နိုင်ပါတယ်။ ဒါပေမယ့် Negative Comment တွေကိုတော့ မဖျက်ပါနဲ့၊ ကျေလည်အောင် ပြန်လည်ဖြေရှင်းပါ။

(၁၄) Facebook ရဲ့ အပြောင်းအလဲတွေကို အချိန်နဲ့တပြေးညီ သိပါစေ။ ဘာ Feature အသစ်တွေထည့်လဲ၊ Feature သစ်ကြောင့် ဘာတွေကောင်းသွားလဲ၊ ဘာတွေထပ်လုပ်လို့ရလဲ အမြဲလေ့လာနေပါ။

(၁၅) Automate မလုပ်ပါနဲ့။ တစ်ချို့ page တွေက ဘယ်လိုလုပ်လဲဆိုရင် blog မှာ post တင်လိုက်တာနဲ့ page မှာ အလိုအလျောက်လာတင်အောင် လုပ်ထားတာမျိုး လုပ်ထားတတ်ပါတယ်။ အဲဒါက အမြဲတမ်း မကောင်းပါဘူး။ အကောင်းဆုံးက သင့်လျော်တဲ့ personal touch လေးတစ်ခုနဲ့ ပြန်ရှယ်ပေးတာမျိုးပါ။

(၁၆) စာလုံးပေါင်း သတ်ပုံမှန်ကန်ပါစေ။ စာလုံးပေါင်းသတ်ပုံ မှန်ခြင်းဖြင့် ကိုယ့်ကို သူများအမြင်မှာ reputation တက်စေပါတယ်။

(၁၇) Facebook Insights ကို  လေ့လာပါ။ Insights ဟာ အရမ်းအသုံးဝင်တဲ့ tool တစ်ခုပါ။ Insights ကို မလေ့လာပဲ ပို့စ်ဖန်တီးတာဟာ ဆင်ကန်းတောတိုး သလိုဖြစ်နေပါလိမ့်မယ်။

(၁၈) Reaction တိုင်းကို တန်ဖိုးထားပါ။ Organic ရတဲ့ Reaction တွေဟာ သင့် page အတွက် ရွှေပါပဲ။ သူတို့ဟာ သင့် page နဲ့ organically engage လုပ်နေသူတွေဖြစ်ပါတယ်။ သူတို့အတွက် ပို့စ်တွေ ဖန်တီးပေးပါ။

(၁၉) ကြော်ငြာသုံးပါ။ အများကြီးမဟုတ်တောင် နည်းနည်းတော့ သုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook ဟာ user တွေများလာတဲ့အတွက် Organic reach တွေကို လျှော့လာပါတယ်။ ဒါကြောင့် ပိုက်ဆံ နည်းနည်းသုံးဖို့ လိုလာပါတယ်။

(၂၀) ပို့စ်အဟောင်းတွေကိုလဲ ပြန်တင်နိုင်ပါတယ်။ Page ဟာ နေ့စဉ်နဲ့အမျှ user အသစ်တွေ ဝင်လာနေမှာ ဖြစ်တဲ့အတွက် ဟိုးအရင်တင်ခဲ့ဖူးတဲ့ ပို့စ်တွေကို မဖတ်ရသေးတဲ့ သူများအတွက် ပြန်လည်မျှဝေပေးနိုင်ပါတယ်။ နောက်တစ်ခုလုပ်နိုင်တာကတော့ repurpose လုပ်တာပါပဲ။ ဥပမာ အခု ဒီ post ကို video ပြောင်းလိုက်တာမျိုး၊ ပုံလေးတွေနဲ့  ပြန်လုပ်တာမျိုး၊ အသံသွင်းတာမျိုး စသဖြင့်ပေါ့။

Become friends or follow me at Aung Mon Chan

အပတ်စဉ် ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ညနေ (၆) နာရီတိုင်း အသစ်တင်ပေးသွားပါမယ်။

Unknown

No comments:

Post a Comment

Instagram