Pages

Facebook Tip 14: မသိမဖြစ်သိသင့်တဲ့ Facebook Page Insights


ဘယ် channel ကိုပဲသုံးပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ် medium ကြားခံနယ်ကနေပဲဖြစ်ဖြစ် ဘယ်လို Content မျိုးကိုပဲ ဖန်တီးဖန်တီး အဓိက အလိုအပ်ဆုံးကိုပြောပါဆိုရင် Data ပဲဗျ။

အရင်တစ်ပတ်က ပြောခဲ့တဲ့ Keyword Research လုပ်တာ၊ အဲဒါရဲ့ အရှေ့တစ်ပတ်က ပြောခဲ့တဲ့ Audience Insights သုံးတာတွေဟာ တကယ်တော့ လိုအပ်တဲ့ Data ကို ရှာတာပါပဲ။

ဒီနေ့ခေတ် Marketing ဟာ Data Driven Marketing ပါ။ Data မရှိရင် ဘာမှလုပ်မရတော့တဲ့ခေတ်ဖြစ်နေပါပြီ။ Data (တနည်းအားဖြင့်) ကိုယ့်ရဲ့ Audience ကိုသိမှ ဘယ်လို Content မျိုးဖန်တီးရမလဲဆိုတာ သိလာမှာပါ။ Data ရဖို့အတွက် Tools တွေအများကြီးရှိပါတယ်။ Free ရော Paid ရော အစုံရှိတယ်။ အဲဒီထဲကမှာ ကျွန်တော်ဒီနေ့ပြောမှာက Facebook Page Data တွေ ရယူနိုင်မယ့်နေရာ Facebook Insight ဖြစ်ပါတယ်။

Facebook Insights ဟာ Facebook Page တိုင်းမှာ ပါဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ Page ကိုသွားလိုက်ပြီးရင် အပေါ်ဖက်ဆုံး Navigation တွေထဲက Insights ကိုနှိပ်လိုက်ရင် Page Insights ကို ရောက်သွားမှာဖြစ်ပါတယ်။



ဒါကတော့ ကျွန်တော့ Page တွေထဲက တစ်ခုဖြစ်တဲ့ Myanmar Leaders Page ပါ။ (ကြော်ငြာဝင်တာပါ) Insights ထဲကို ရောက်သွားပြီဆိုရင် ဘယ်ဘက်အခြမ်းမှာ ကဏ္ဍအလိုက်ခွဲထားတဲ့ Tab တွေကို တွေ့ရမှာဖြစ်ပြီး ညာဘက်ခြမ်းကတော့ သက်ဆိုင်ရာ ကဏ္ဍရဲ့ Data တွေဖြစ်ပါတယ်။ စဝင်လိုက်လိုက်ခြင်းမှာ ရောက်နေတဲ့နေရာကတော့ Overview ဖြစ်ပါတယ်။



ဘယ်ဘက်ခြမ်းက Tab တွေကို တစ်ခုချင်းပြောရမယ်ဆိုရင်..

Overview: Page ရဲ့ Overview ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 7 ရက်အတွင်းမှာ ကိုယ့် Page က Like တွေ Reach တွေ View တွေ တက်သွားသလား ကျသွားသလား ဆိုတာကို ဒီမှာ Overview ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Pages to Watch လို့ခေါ်တဲ့ ကိုယ့်ရဲ့ ပြိုင်ဘက် Page တွေကို စောင့်ကြည့်နိုင်တဲ့ Feature လဲ ဒီနေရာမှာ ပါပါတယ်။

Promotions: Promotions Tab ကတော့ Page ကနေ နောက်ဆုံးလုပ်ခဲ့တဲ့ Boost တွေ Ads တွေကို ကြည့်နိုင်မယ့် နေရာဖြစ်ပါတယ်။

Likes: Page ရဲ့ Likes တွေနဲ့ ပတ်သက်တဲ့နေရာဖြစ်ပါတယ်။ Like တွေတက်သလား ကျသလား၊ ဘယ်နေရာတွေကနေတစ်ဆင့် Like ရနေသလဲ စတဲ့ Data တွေ အသေးစိတ်ရှိပါတယ်။

Reach: Like လိုပဲ ကိုယ့် Page ရဲ့ Reach ကို ကြည့်တဲ့နေရာဖြစ်ပါတယ်။ Reach ဆိုတာကတော့ ကိုယ့် Page က တင်တဲ့ Post တွေနဲ့ ကိုယ့် Page ကို ကြည့်တဲ့ လူအရေအတွက်ကိုပြောတာပါ။

Page Views: Page ကိုလာကြည့်တဲ့ သူတွေနဲ့ ကြည့်တဲ့အကြိမ်အရေအတွက်၊ ကြည့်တဲ့ နေရာ (ဥပမာ Home လား About Page လား  စသဖြင့်) Data တွေကို ကြည့်တဲ့နေရာပါ။

Actions on Page: Page ပေါ်မှာ ရှိတဲ့ ခလုတ်တွေ ဥပမာ Call to Action Button တို့ (CTA ခလုတ်ထည့်သွင်းနည်းကြည့်ရန်) About Page ပေါ်က ခလုတ်တွေတို့ (About Page ဖြည့်နည်း ကြည့်ရန်) အဲဒီခလုတ်တွေကို နှိပ်သွားတဲ့သူတွေနဲ့ ပတ်သက်တဲ့ Data တွေ ကြည့်လို့ရတဲ့နေရာဖြစ်ပါတယ်။

Posts: Page ကနေ ဖန်တီးခဲ့တဲ့ Post တွေကို ကြည့်နိုင်တဲ့နေရာဖြစ်ပါတယ်။ ဒါတင်မကပါဘူး ဒီ Tab ကနေတဆင့် ကိုယ့် Fan တွေ Active ဖြစ်တဲ့ နေ့ရက်၊ နာရီတွေနဲ့ ကိုယ့် Post တွေရဲ့ အောင်မြင်မှု (Reach, Like, Comment, Share ဘယ်လောက်ရလဲ) ကြည့်လို့ရသလို ဘယ် Post Type က အကောင်းဆုံးလဲ (Link, Image, Video) စသဖြင့် ကြည့်နိုင်ပါတယ်။ ကိုယ့်ပြိုင်ဘက် Page တွေကတင်တဲ့ အကောင်းဆုံး Post တွေကိုလဲ ဒီက ကြည့်နိုင်ပါတယ်။

Events: Events ကတော့ ကိုယ့် Page က ထောင်ခဲ့တဲ့ Event တွေနဲ့ ပတ်သက်တဲ့ Data တွေကို ကြည့်တဲ့နေရာပါ။

Videos: Page ကတင်ထားတဲ့ Video တွေနဲ့ ပတ်သက်တဲ့ Data တွေကိုကြည့်နိုင်ပါတယ်။ လူဘယ်နှယောက် ကြည့်လဲ၊ အချိန်ဘယ်လောက်ကြာအောင် ကြည့်လဲ စသဖြင့်ပေါ့။

People: People Tab မှာတော့ Page ကို Like လုပ်ထားသူတွေနဲ့ Page ကတင်တဲ့ Post တွေကို မြင်လိုက်ရသူတွေ၊ အဲဒီ Post တွေကို Engage (Like, Comment, Share, Click) လုပ်သူတွေရဲ့ Data တွေရှိပါတယ်။ ဒီကတဆင့် ဘယ်လိုလူမျိုးတွေကို Target ထားသင့်တယ် ဆိုတာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံ၊ မြို့ နဲ့ ဘာသာစကားတွေလဲ ခွဲပြီး မြင်နိုင်ပါသေးတယ်။

Local: ဒီ Tab ကတော့ Local Business တွေအတွက်ပါ။ ကိုယ့်ဆိုင်၊ လုပ်ငန်း ရှိတဲ့နေရာရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူတွေရှိလဲ၊ အသက်အရွယ်၊ ကျား၊ မ၊ နဲ့ အခြား Ad Data လိုမျိုးတွေ ကြည့်လို့ရပါတယ်။

Messages: ဒါကတော့ Page ကိုလာစကားပြောသူတွေနဲ့ ပြန်ပြောတဲ့အချိန်၊ အကြိမ်ရေ၊ စတဲ့ Data တွေ ကြည့်တဲ့နေရာပါ။

ဒါဆိုရင်တော့ Insights က Tab တွေအကြောင်း Overview တော့ သိလောက်ပါပြီ။ နောက်တစ်ပို့စ်မှာ Tab တစ်ခုချင်းစီကို တစ်ပို့စ်ချင်း ရှင်းသွားပါမယ်။

ကျွန်တော့် Facebook Page ကို Like လုပ်ပြီး သူငယ်ချင်းတွေကို မျှဝေပေးပါဦး။ ကျွန်တော်လောလောဆယ်ပေးနေတဲ့ Services တွေကိုလဲ ကြည့်ပြီး အကူအညီလိုတယ်ဆို ဆက်သွယ်နိုင်ပါတယ်ဗျ။ ကျေးဇူးပါ။

Unknown

No comments:

Post a Comment

Instagram