ဒီနေ့တော့ Facebook Insights ထဲက အသုံးဝင်ဆုံး Tab တစ်ခုအကြောင်း ပြောပြမယ်။ Post Tab ပါ။
Insights ကို ဝင်ဝင်ခြင်း ဘယ်ဘက်အခြမ်းက Tab တွေထဲမှာ ရှိတဲ့ Post Tab ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Post တွေနဲ့ ပတ်သက်တဲ့ insight တွေရှိတဲ့ section ကို ရောက်သွားပါပြီ။
Post Tab အကြောင်းပြောရမယ်ဆို (၂) ပိုင်းခွဲပြီး ပြောရပါမယ်။ အပေါ်ဘက်အပိုင်းက သင့် Page ရဲ့ Fan တွေ Online ဖြစ်တဲ့အချိန်တို့ သင်တင်တဲ့ Post Type တွေအကြောင်းတို့ သင် watch လုပ်ထားတဲ့ Page တွေရဲ့ အကောင်းဆုံး Post တွေတို့ အစရှိတာတွေကို ကြည့်လို့ရတဲ့ နေရာပါ။
အခုပုံမှာ မြင်နေရတာဆိုရင် ကျွန်တော့် Page ရဲ့ Fan တွေရဲ့ Online တက်တဲ့ နေ့ရက် ရယ် အချိန်ရယ်ကို မြင်နေရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Online တက်ကြတဲ့ အချိန်က သိပ်မကွာပါဘူး။ ဒီပုံစံအတိုင်းလောက်ပါပဲ။
ဒီအောက်ကပုံကတော့ All Posts Published ပါ။ ကျွန်တော်တို့ Page စထောင်တဲ့ အချိန်ကစပြီး အခုအချိန်ထိ တင်ခဲ့သမျှ Post အားလုံးကို ဒီက ကြည့်လို့ရပါတယ်။
ဒီမှာ တော်တော်အသုံးဝင်တဲ့အချက်ကတော့ ကြည့်တဲ့အခါ ကိုယ်ကြည့်ချင်တဲ့ settings ကိုပြောင်းကြည့်လို့ရတာပဲ။ ဥပမာ အခုပြထားတဲ့ပုံမှာဆိုရင် ညာဘက်က စရေရင် ဒုတိယအကွက်မှာ ကြည့်လိုက်.. Engagement ကို ပြထားတယ်။ အဲဒါကို အပေါ်နားက မြှားလေးကို နှိပ်ပြီး ပြင်လို့ရတယ်။
Reactions, Comments, Shares ကို နှိပ်လိုက်ရင် ဒီလိုပုံဖြစ်သွားလိမ့်မယ်။ Reactions, Comments, Shares ဖြစ်တဲ့အတွက် Post တစ်ခုချင်းစီအလိုက် ဘယ်လောက်ရလဲဆိုတာတွေ ကြည့်လို့ရပါတယ်။
စမ်းကြည့်ပါ။ မသိတာရှိရင် ကျွန်တော့်ကို Comment ကနေ မေးနိုင်ပါတယ်။
No comments:
Post a Comment