Ok .. ဒါဆို ကျွန်တော်တို့ Social Media Marketing ကို ဆက်သွားရအောင်.. Social Media ပေါ်မှာ သင့်လုပ်ငန်းကို စတင်ကြော်ငြာတော့မယ် Content တွေတင်တော့မယ်ဆိုရင် စလုပ်ရမယ့် အချက် (၄) ချက်ရှိပါတယ်။
(၁) သင့်ရဲ့ Goal, သင့်ဆီက ဝယ်ယူမယ့်သူတွေရဲ့ Persona နဲ့ Audience ကို စတင်သတ်မှတ်ဖို့ လိုပါတယ်။
ကျွန်တော်တို့ Social Media Marketing လုပ်မယ်၊ ဘာကြောင့်လဲ၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်သူတွေက ကျွန်တော်တို့ဆီက ဝယ်ယူကြမှာလဲ၊ ဘယ်သူတွေက ကျွန်တော်တို့ create လုပ်မယ့် Content တွေကို ဖတ်မှာလဲ.. ကြည့်မှာလဲ.. ဒါတွေကို စဉ်းစားသတ်မှတ်ဖို့က ပထမဆုံး လုပ်ရမယ့် အချက်ပါပဲ…
အရင်ဆုံး သင့်လုပ်ငန်းရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ငန်းစဉ်တွေကို ချရေးလိုက်ပါ။
နောက်ပြီးရင်တော့ အဲဒီရည်ရွက်ချက်နဲ့ လုပ်ငန်းစဉ်တွေကို Social Media နဲ့ ကိုက်ညီအောင် Align လုပ်ပါ။
ဥပမာပေးရရင်… သင်က ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်တယ်ဆိုရင် သင့်ရဲ့ ရည်ရွယ်ချက်က လာသောက်တဲ့သူများဖို့ ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်မှာပဲ။ ဒါဆိုရင်တော့ Social Media သုံးရခြင်း ရည်ရွယ်ချက်က သင့်ဆိုင်ရဲ့ Brand Awareness တက်ဖို့ရယ်၊ သင့်ဆိုင်ရှိတဲ့ နေရာကို လူတွေများများ drive လုပ်ဖို့ရယ် … ဒီလိုဖြစ်လိမ့်မယ်။
Persona နဲ့ Target Audience သတ်မှတ်ခြင်း
သင့်ဆိုင်ကို လာပြီးကော်ဖီသောက်ကြမယ့်လူတွေက ဘယ်လိုလူမျိုးတွေဖြစ်မလဲ။ အလုပ်အကိုင်၊ ဝင်ငွေအနေအထား၊ နေတဲ့နေရာ၊ အစရှိတဲ့အချက်တွေကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ ပြီးရင် သူတို့နှစ်သက်မယ့် စကားလုံးအသုံးအနှုံး၊ Content ရေးသားမှုပုံစံမျိုးကို ပြန်လည်သတ်မှတ်ပါ။
သူတို့ရဲ့အသက်အရွယ်၊ မိသားစုအခြေအနေ၊ အမူအကျင့် အစရှိတာတွေလဲ ပါဝင်သင့်ပါတယ်။
(၂) ဒါတွေရပြီဆိုရင်တော့ ဘယ် Social Network ကို သုံးမယ်ဆိုတာကို ဆက်စဉ်းစားရပါမယ်။
ကျွန်တော်တို့နိုင်ငံမှာ အသုံးအများဆုံးက Facebook မို့လို့ Facebook ကိုသုံးမယ် ဆိုတာကတော့ အခြေအနေတစ်ခုထိ မှန်ကောင်းမှန်နိုင်ပေမယ့် အမြဲတမ်းတော့မမှန်နိုင်ပါဘူး။
Facebook ဟာ B2C အတွက် အကောင်းဆုံး Network ဖြစ်ပါတယ်။ B2B အတွက် နဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ Service တွေ ဆိုရင်တော့ Linkedin ကို သုံးသင့်ပါတယ်။ Image Driven Business တွေဖြစ်တဲ့ ဖက်ရှင်၊ အလှကုန်၊ Gift Shop အစရှိတဲ့ Business တွေဆိုရင်တော့ Facebook အပြင် Instagram ကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ Website traffic လိုချင်တာဆိုရင် Facebook, Google Plus နဲ့ Twitter တို့ကို သုံးသင့်ပါတယ်။
သင့် Business နဲ့ အသင့်တော်ဆုံး Social Network ကို Define လုပ်ပါ။
(၃) Social Media Management Tool တွေကိုရွေးချယ်ပါ။
တကယ်တော့ Social Media Management ဟာ Facebook မှာ Post တင်ရုံနဲ့ မပြီးပါဘူး။ Target Audience ကို ထိအောင်ပစ်နိုင်ဖို့၊ အချိန်မှန် Post တင်ဖို့၊ Insight တွေကို အသေးစိတ်ကြည့်ဖို့၊ Social Listening လို့ခေါ်တဲ့ အခုလတ်တလော ဘာတွေဖြစ်နေလဲဆိုတာ သိအောင်လုပ်ဖို့ Management Tool တွေ Listening Tool တွေလိုပါသေးတယ်။
သင့်အတွက် အသုံးဝင်မယ့် Tools တွေကို အောက်မှာ စုပေးထားပါတယ်။
Hootsuite: Social Media Management and Listening
Buffer: Social Media Management and Listening
Google Analytics: Analyze your website
Google Trends: Listening what are trending on the web right now
Fanpage Karma: Analyze, Listen and Reporting for Facebook
Feedly: Rss feed tool for curating
ဒါတွေအပြင် Memes Group တွေထဲဝင်ထားခြင်း၊ နာမည်ကြီး blog တွေကို Subscribe လုပ်ထားခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့လဲ Trend တွေကို သိနိုင်ပါတယ်။
(၄) Monitor လုပ်ခြင်း၊ ပြန်လည်ကြည့်ရှုတိုင်းတာခြင်းဖြင့် နောက်ထပ်ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပါ။
အထက်ပါ Tools တွေကို သုံးပြီးတော့ပဲဖြစ်ဖြစ်၊ Facebook Insights, Linkedin Insights တွေကို သုံးပြီးတော့ပဲ ဖြစ်ဖြစ် အရင်တုန်းက တင်ခဲ့တဲ့ Content တွေ၊ Campaign တွေကို ပြန်လည်တိုင်းတာလို့ ရပါတယ်။ ပြီးရင်တော့ ထိရောက်မှု ရှိတဲ့ Content နဲ့ Campaign တွေကို ရွေးချယ်ပြီး အဲဒီလိုပုံစံမျိုးတွေ ပြန်ဖန်တီးလို့ရပါပြီ။
ဒီအချက် (၄) ချက်ကတော့ Social Media ပေါ်မှာ ကိုယ့် လုပ်ငန်းကို Marketing လုပ်တော့မယ်ဆိုရင် ပထမဆုံး စလုပ်ရမယ့် အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေမှာ Content ဘယ်လို Create ရမလဲဆိုတဲ့ Content Marketing အကြောင်း ရှင်းပြပါမယ်။
အောင်မွန်ချမ်း
22.9.2016
No comments:
Post a Comment