Pages

Facebook Tip 12 : News Feed Targeting နှင့် Audience Restriction




ပုံမှန်အားဖြင့် Facebook Page မှာ Post တင်ရာမှာ Page ကို Like လုပ်ထားသူများ အပါအဝင် Facebook ပေါ်က မည်သူမဆို (Ban ထားသူများမှအပ) မြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook Page တစ်ခုရဲ့ Default Post Privacy က Public ဖြစ်လို့ပါပဲ။ ဆိုလိုတဲ့သဘောက Page တစ်ခုက Post တင်လိုက်တာနဲ့ မည်သူမဆို မြင်နိုင်တယ်လို့ဆိုလိုတာပါ။ Post တင်ပြီးနောက် Post ပျံ့နှံ့သွားရာမှာလဲ Default Settings ဖြစ်တဲ့ Page ကို Like လုပ်ထားသူများမှ Page နဲ့ အမြဲတမ်းနီးပါး interactive ဖြစ်နေသူတွေ၊ Seefirst လုပ်ထားသူတွေကို ဦးစားပေးပြီး ပြသနေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါကို ပြောင်းလဲလို့ရပါတယ်။

အကယ်၍ သင်က ယောက်ျားလေးအဝတ်အစားတွေ ရောင်းဖို့ တင်လိုက်တယ်ဆိုပါစို့။ သေချာတာက ယောက်ျားလေးတွေကို ဦးစားပေးပြီး မြင်စေချင်မှာပဲ။ ဟုတ်တယ်မလား။

ဒါမှမဟုတ် သင်က အရက်ပုလင်းတွေ ရောင်းဖို့ တင်လိုက်တယ်ဆိုပါစို့။ အသက်မပြည့်သေးတဲ့ ကလေးတွေကို မြင်စေချင်မှာမဟုတ်ဘူးလေ။ ဒါမှမဟုတ် ပိုပြီး sensitive ဖြစ်တဲ့ ပစ္စည်းမျိုးတွေ တင်တယ်ဆိုရင် မမြင်စေချင်တဲ့ Audience တွေ ရှိလာပါတယ်။

ဒီလိုမျိုး ကိုယ်မြင်စေချင်တဲ့ သူတွေကို ဦးစားပေးပြပေးအောင် (သို့မဟုတ်) မမြင်စေချင်သူများကို လုံးဝ မမြင်ရအောင် ဘယ်လို post တင်မလဲ?

လွယ်ပါတယ်။ Post တင်တဲ့ Box ရဲ့ အောက်နားမှာ Target ပုံမျိုးလေး ရှိပါတယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။



(တကယ်လို့ ဒီခလုတ်ကို ရှာလို့မရရင် Settings ထဲမှာ သွားဖွင့်ရမှာပါ။ Settings > General Settings > News Feed Audience and Visibility for Posts ဆိုတဲ့ နေရာကိုသွားပြီး အမှန်ခြစ်ခြစ်ပေးရင် ရပါပြီ။)



Post တင်ကာနီးမှာ အဲဒီ Target ပုံလေးကိုနှိပ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း News Feed Targeting နဲ့ Audience Restriction ဆိုတဲ့ Tab နှစ်ခုပါတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ (၂) ခု ဘာကွာလဲဆိုတော့…



News Feed Targeting ဆိုတာကတော့ ကျွန်တော်တို့ Page က တင်လိုက်တဲ့ Post ကို မိတ်ဆွေရွေးချယ်ပေးထားတဲ့ Audience ကို အဓိက ဦးစားပေးပြီး ပြပေးပါလိမ့်မယ်။ အကယ်၍ မြင်လိုက်ရသူတွေက Like, Comment, Share တစ်ခုခုလုပ်ခဲ့ရင်တော့ မိတ်ဆွေရွေးချယ်မထားတဲ့ သူတွေလဲ မြင်ရင် မြင်နိုင်ပါတယ်။ သဘောကတော့ Target ထားထားသူတွေကို ဦးစားပေးပြမယ်။ Target မထားသူတွေမှာလဲ မြင်နိုင်စွမ်းရှိတယ်။



Audience Restriction ဆိုတာကတော့ ကျွန်တော်တို့ တင်လိုက်တဲ့ ဒီ Post ကို မိတ်ဆွေရွေးချယ်ပေးထားတဲ့ Audience မှအပ တခြားသူတွေ မမြင်နိုင်တော့ပါဘူး။ မြင်လိုက်သူတွေက Like, Comment, Share လုပ်လဲ ရွေးချယ်ထားတဲ့ Audience ထဲမှာ မပါရင် မမြင်နိုင်ပါဘူး။ သဘောကတော့ Target ထားထားသူများကိုသာ ပြပေးတာပါ။ Target မထားသူတွေ မြင်နိုင်ခွင့်မရှိပါ။

ဒီ Settings နှစ်ခုကို နှစ်သက်သလို ကစားပြီး သုံးနိုင်ပါတယ်။ News Feed Targeting နဲ့ တင်မယ်ဆိုရင် Engagement ပိုရနိုင်ချေရှိပြီး Audience Restriction နဲ့ တင်ရင်တော့ Reach ပိုနည်းပေမယ့် Safe ဖြစ်မှာ ဖြစ်ပါတယ်။




Unknown

No comments:

Post a Comment

Instagram