Pages

Facebook Tip 13: Page Roles Setting အကြောင်း


ဒီနေ့တော့ Facebook Page Settings ထဲက Page Roles အကြောင်း ပြောပါမယ်။

Page Roles ဟာလဲ အရေးကြီးတဲ့ Settings တစ်ခုပါ။ တစ်ခါတစ်လေ ကျွန်တော်တို့ အကောင့် ပျက်တာရှိမယ်၊ password မေ့သွားပြီး recovery mail တွေ ဖုန်းနံပါတ်တွေပါ မေ့သွားတာမျိုးတွေ ရှိမယ်၊ အဲဒီအခါကျရင် ကိုယ်အနှစ်နှစ်အလလက တည်ထောင်ထားတဲ့ Page လေး ပါသွားရင်ဒုက္ခ။

ဒီလိုမဖြစ်ရအောင် အရမ်းခင်တဲ့ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ နောက်ထပ်အကောင့်ခွဲတစ်ခုကိုပဲဖြစ်ဖြစ် Admin ပေးထားသင့်ပါတယ်။

Settings > Page Roles ကို သွားလိုက်ရင် အခြားလူတွေကို Role တွေပေးလို့ရတဲ့ Settings တွေ့ပါလိမ့်မယ်။

အခြားလူတွေကို Role ပေးဖို့အတွက်..
(၁) ပေးမယ့်သူနဲ့ ကိုယ့်ရဲ့အကောင့်နဲ့ Friend ဖြစ်ရင်ဖြစ်
(၂) မဖြစ်ရင် သူက Page ကို Like ထားပြီးသား ဖြစ်ရပါမယ်။

Page Role တွေပေးတော့မယ်ဆိုရင် အမျိုးအစား (၅) မျိုး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကြားမှာ မတူညီတဲ့ အားသာချက်တွေရှိပါတယ်။ Admin ကတော့ အမြင့်ဆုံး Role ပါ။ Analyst ကတော့ အနိမ့်ဆုံးပါပဲ။ အောက်ပါ ဇယားကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။


 Admin ပေးတဲ့အခါ သတိထားပါ။ သူ့မှာ ကိုယ့်ကို ပြန်ဖြုတ်နိုင်တဲ့ permission လဲ ရှိသလို page ဖျက်ခွင့်တွေ အခြား admin တွေ ထည့်ခွင့်တွေလဲ ရှိနေလို့ပါ။


Role ပေးပုံပေးနည်းကတော့ အကွက်ထဲမှာ နာမည်ရိုက်ထည့်ပြီး ပေါ်လာတဲ့ suggestion တွေထဲက ကိုယ်ပေးမယ့်သူကို ရွေးပြီး ပေးလိုက်ရုံပါပဲ။ တစ်ခါတစ်လေမှာ password ပြန်ရိုက်ဖို့ လိုပါလိမ့်မယ်။

Unknown

No comments:

Post a Comment

Instagram