Blog တော့ စရေးပါပြီ။ငွေရှာနည်း တွေလဲ သိနေပြီ။ ဒါပေမယ့် ဘယ်သူမှလာမဖတ်ကြဘူး။
အဲဒါကအဓိကပြဿနာပဲ။ Blog တစ်ခုကနေ ပိုက်ဆံရှာဖို့ဆိုတာ အဓိကလိုအပ်တာက Traffic ပါ။ Traffic မရှိရင် Monetizing လုံးဝ လုပ်မရပါဘူး။ ဒါဆို Blog ကို Traffic ရအောင် ဘယ်လိုလုပ်မလဲ။
အဓိကအားဖြင့် SEO ရယ် Social Media ရယ်ကနေ အဓိက မောင်းရပါလိမ့်မယ်။
SEO မှာ ကိုယ့် blog နဲ့ သက်ဆိုင်တဲ့ Keyword တွေအတွက် ပထမဆင့် First Page ဝင်အောင်လုပ်ရမယ်၊ ဒုတိယအဆင့် Top 3 ဝင်အောင်လုပ်ရမယ်၊ တတိယဆင့် 1 ဖြစ်အောင်လုပ်ရပါမယ်။
You May Like : SEO in Myanmar Articles
Social Media မှာ ကိုယ့် blog ကိုဖတ်မယ့်လူတွေ အဓိကသုံးနေတဲ့ Social Media ကိုရွေးပြီး Blog ကို Traffic Drive လုပ်ရပါလိမ့်မယ်။
အဓိကအာရုံစိုက်သင့်တဲ့ Social Media တွေကတော့ Facebook, Twitter, Pinterest, Google Plus နဲ့ Linkedin တို့ပါပဲ။ တခြားဆိုက်ဒ်တွေဖြစ်တဲ့ Delicious, Digg, Stumble Upon တို့ကိုလဲ သုံးလို့ရပါတယ်။
နောက်ထပ်နည်းတွေကတော့ Share button တွေထည့်ခြင်း၊ Newsletter ပို့ခြင်း၊ Guest Writer တွေ ဖိတ်ခေါ်ခြင်း အစရှိတဲ့ နည်းတိုတိုထွာထွာလေးတွေ ကျန်ပါသေးတယ်။
နောက်တစ်ပို့စ်မှာ ကျွန်တော်တို့ blog ကို Traffic လာအောင် လုပ်ကြရအောင်။
No comments:
Post a Comment