Pages

Content Tip 2: အကောင်းစား Copywriting နည်းလမ်း (၁၀) ခု


စီးပွားရေးလုပ်ငန်းပဲလုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်၊ သူများအတွက်ပဲ Copy ရေးပေးပေး Digital Media ပေါ်မှာ လုပ်ငန်းလုပ်ဆောင်တော့မယ်ဆိုရင် Copywriting နဲ့ပတ်သက်ပြီး သိထားဖို့လိုပါတယ်။ စာရေးသားခြင်းဖြင့် အောင်မြင်မှု ရရှိစေနိုင်သလို၊ marketing campaign ကြီးတစ်ခုလုံး သုံးမရ ဖြစ်သွားအောင်လဲ လုပ်နိုင်ပါတယ်။ Copywriting ပိုင်းကို ကျွမ်းကျင်ပြီဆိုရင် Copywriter တစ်ယောက်အဖြစ် အသက်မွေးနိုင်သလို ကိုယ့်လုပ်ငန်းကိုလဲ Social Media ပေါ်မှာ ပေါက်သွားအောင် လုပ်နိုင်ပါပြီ။ ဒါဆို Copywriting အတွက် အကောင်းဆုံး နည်းလမ်း (၁၀) ခုက ဘာတွေလဲ...

(၁) သင့်ကုန်ပစ္စည်း၊ လုပ်ငန်း၊ ထုတ်ကုန်ရဲ့ အားသာချက်တွေကို ဖော်ထုတ်ပါ။
သင့်ကုန်ပစ္စည်းက ပြိုင်ဘက်တွေထက် ဘာတွေအားသာနေသလဲ? သင့်ဝန်ဆောင်မှုက သူများထက် ဘာတွေပိုကောင်းနေသလဲ?

(၂) ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို မျှဝေပါ။
နာမည်တပ်မရေးပါနဲ့။ အခြားကုန်ပစ္စည်းများမှာတော့ ဘာတွေဘာတွေပါဝင်နေလို့ ဘယ်လိုဖြစ်တတ်ပါတယ်ဆိုတာမျိုး ရေးလို့ရပါတယ်။

(၃) သင့်ရဲ့ Audience ကို သိပါ။
Audience ကဘယ်သူတွေလဲ၊ သူတို့ဘာတွေသိချင်နေကြလဲ၊ ဘာတွေဖတ်ချင်နေကြလဲ၊ ဘာတွေပြသနာတက်နေသလဲ သိရအောင်လုပ်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားပါ။

(၄) သူတို့အတွက် ဘာအကျိုးကျေးဇူးတွေ ရမလဲဆိုတာ ပါပါစေ။
ဘယ်နေ့မှ ဘယ်နေ့အတွင်းဝယ်ရင် ဘယ်လောက် percent off ရမယ်။ ဘယ်လောက်ဖိုးဝယ်ရင် delivery free စသဖြင့် သင့်လုပ်ငန်းကပေးတဲ့ အကျိုးကျေးဇူးတွေ ထည့်သွင်းရေးသားပါ။

(၅) “သင့်အတွက်” ကို Target ထားပါ၊ “ကျွန်ုပ်တို့အတွက်” ကို Target မထားပါနဲ့။
ကျွန်ုပ်တို့ဆီက ဝယ်ယူခြင်းဖြင့် သင့်ကို အစစအရာရာ အဆင်ပြေစေအောင် လုပ်ဆောင်ပေးထားပါတယ်။ သင့်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ပေးထားပါတယ်။ စသဖြင့်… “သင့်အတွက်” ကို Target ထားပြောပေးပါ။

(၆) မတူညီတဲ့ medium များအတွက် မတူညီတဲ့ အရေးအသားနဲ့ ရေးပါ။
Social Media မှာတင်ဖို့အတွက်က ဒီ Copy, သတင်းစာမှာ ကြော်ညာထည့်ဖို့က ဒီ Copy, Email ပို့ဖို့က ဒီ Copy စသဖြင့် မတူညီတဲ့ Copy များ ပြင်ဆင်ထားပါ။

(၇) အရမ်းအသေးစိတ်မကျပါနဲ့။
မလိုအပ်ဘဲ အရမ်းအသေးစိတ်ကျကျ ရေးခြင်းဖြင့် ဖတ်သူတွေကို ပျင်းရိညည်းငွေ့စေပြီး ဝယ်ယူဖို့ စိတ်အားထက်သန်မှုကို လျော့ကျစေပါတယ်။

(၈) Call to Action ပါပါစေ။
သင်ရေးတဲ့ Copy ကိုဖတ်ပြီးတာနဲ့ ဘာလုပ်ရမလဲ ဆိုတဲ့ Call to Action ထည့်ပေးပါ။ “ခုပဲလာဝယ်လိုက်ရအောင်” “အခုပဲ ဆက်သွယ်ကြပါစို့” စသဖြင့်..

(၉) ကိုယ့်ကိုကိုယ်လဲ ကာကွယ်ပါ။
ရေးချင်ဇောနဲ့ရေးလိုက်ပြီး Copyright ငြိတဲ့ အရေးအသား အချက်အလက်မျိုးတွေပါသွားရင် ရေရှည်မှာ ပြဿနာ တက်နိုင်ပါတယ်။ ဥပဒေကြောင်းအရ ပြဿနာတက်နိုင်မယ့် အရေးအသားနဲ့ တကယ်မပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ (ဥပမာ - Free, အာမခံပါသည်, 100% သေချာသည်) စတာတွေကို သတိထားသုံးပါ။

(၁၀) စာလုံးပေါင်းသတ်ပုံစစ်ပါ။
သတ်ပုံမမှန်တဲ့ စာလုံးတစ်လုံးလောက်ပါသွားရင်ကို လူတွေက ကိုယ်ပေးချင်တဲ့ message ကို ဂရုမစိုက်ဘဲ စာလုံးပေါင်းမှားတဲ့အကြောင်းပဲ ထောက်ပြနေတတ်ပါတယ်။ စာလုံးပေါင်းသတ်ပုံမှားရင် brand awareness ပါ ကျဆင်းစေတဲ့အတွက် ပြန်စစ်ပါ။



Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram