Affiliate နည်းနဲ့ပိုက်ဆံရှာခြင်း၊ ကြော်ငြာ ထည့်သွင်းခြင်း နဲ့ Sponsored Content နဲ့ ပိုက်ဆံရှာခြင်းနည်း (၃) နည်းရေးပြီးပြီဆိုတော့ ကျန်နေသေးတဲ့ Blog ရေးရင်းပိုက်ဆံရှာနိုင်တဲ့ နည်းတွေ ထပ်ပြောပေးသွားပါမယ်။
Premium Content
Blog ရေးသားရာမှာ ပုံမှန်ဖတ်နေသူ Reader တွေအနေနဲ့ ပုံမှန် Article တွေအပြင် ပိုပြီး Detail ကျတဲ့ content မျိုးတွေဖတ်ချင်တာမျိုး ရှိလာနိုင်ပါတယ်။ ဒီအခါမှာ Premium content အဖြစ်သတ်မှတ်ပြီး လစဉ်ကြေး တစ်ခုနဲ့ premium content တွေဖန်တီးပေးလို့ရပါတယ်။
Product များရောင်းချခြင်း
Blog တစ်ခုအောင်မြင်လာပြီဆိုရင် ပစ္စည်းတွေရောင်းလို့ရပါပြီ။ ဥပမာအားဖြင့် Blog မှာရေးသားခဲ့သမျှကို စုစည်းပြီးထုတ်တဲ့စာအုပ်၊ Ebook၊ Software တွေ၊ Application တွေ ရောင်းလို့ရသလို Online ကနေ သင်ကြားတဲ့ သင်ခန်းစာတွေ၊ Offline သင်ခန်းစာတွေကိုလဲ ရောင်းလို့ရပါတယ်။
Services များရောင်းချခြင်း
Blog ရေးသားရင်း ကိုယ်ဟာ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်ပေးနိုင်တဲ့ Service တွေကို ရောင်းလို့ရပါတယ်။ Freelance လုပ်ပေးခြင်း၊ သင်တန်းတိုလေးတွေပေးခြင်း၊ Consulting လုပ်ပေးခြင်း၊ Design လုပ်ပေးခြင်း၊ စာရေးပေးခြင်း၊ Content Providing လုပ်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်။
Event များလုပ်ပေးခြင်း
နောက်ပိုင်းမှာ ကိုယ့် blog ကနေ ကြီးမှုးကျင်းပတဲ့ Event တွေလဲ လုပ်လို့ရလာပါတယ်။ အဲဒီမှာ အခမဲ့ event တွေလုပ်နိုင်သလို လက်မှတ်ဝယ်ရမယ့် Event တွေလဲလုပ်နိုင်ပါသေးတယ်။ ဟောပြောပွဲတွေ၊ workshop မျိုးတွေကို သင့်တော်တဲ့ charges တစ်ခုကောက်ပြီးလုပ်ပေးနိုင်ပါတယ်။
Marketplace များတည်ဆောက်ခြင်း
ကိုယ့် blog နဲ့ သက်ဆိုင်တဲ့ပစ္စည်းများကို အခြားသူများပါ ဝင်ရောက်ရောင်းချနိုင်ဖို့အတွက် marketplace များ ထူထောင်ပေးလို့ရပါတယ်။ အဲဒီမှာ ကြော်ငြာခ၊ Premium Product တင်ခြင်း နဲ့ အခြားဝန်ဆောင်မှုတွေအတွက် charges ကောက်လို့ရပါတယ်။
အခြား income stream များ
ကိုယ့် blog ဆက်အသက်ရှင်နိုင်ဖို့အတွက် donation တောင်းတာမျိုး၊ နောက် blog ကို အပြတ်ရောင်းလိုက်တာမျိုးနဲ့လဲ ငွေရှာလို့ရပါသေးတယ်။
ဒါတွေကတော့ လတ်တလော စဉ်းစားလို့ရသမျှပါ။ နောက်ထပ်လဲရှိပါသေးတယ်။ ထပ်ဖြည့်ပေးသွားပါဦးမယ်။ Blogging နဲ့ Content Writing နဲ့ပတ်သက်ပြီး ဈေးသက်သက်သာသာနဲ့ သင်တန်းဖွင့်ဖို့လဲရှိပါတယ်။ ဒါကြောင့် ကျွန်တော့် blog ကို Follow လုပ်ထားခြင်း၊ Facebook မှာ Like ထားခြင်းဖြင့် update သတင်းရရှိအောင် လုပ်ထားကြပါလို့ တောင်းဆိုပါရစေ။
No comments:
Post a Comment