Pages

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၂)


အရင်တစ်ပတ်တုန်းက Blog Monetization မှာ အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ကြော်ငြာထည့်တဲ့နည်းလမ်းကို ပြောပြခဲ့တယ်။ ဒီတစ်ပတ်မှာတော့ ပိုက်ဆံအများဆုံးရတဲ့ နည်းလမ်းကို ပြောပြပေးမယ်။

Affiliate Marketing နည်းလမ်းဖြစ်ပါတယ်။

Affiliate Marketing ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကော်မရှင် ရတဲ့ နည်းပါပဲ။

ဥပမာ - ကိုယ့်မှာ blog တစ်ခုရှိတယ်။ ကိုယ့် blog က Website ရေးသားနည်းတွေ သင်ပေးတဲ့ blog ဆိုပါတော့။ Blog post တွေထဲမှာ website တွေရေးဖို့အတွက် လိုအပ်တဲ့ Tools တွေ၊ Hosting နဲ့ Domain provider တွေအကြောင်း ထည့်ရေးထားတယ်။ ရေးထားတဲ့အထဲမှာမှ သက်ဆိုင်ရာ website တွေကို လမ်းညွှန်ပေးထားတဲ့ Link တွေပါမယ်ပေါ့။

ဖတ်တဲ့သူက ဖတ်ရင်းနဲ့ ပေးထားတဲ့ Link ကို ကလစ်နှိပ်ပြီး ညွှန်ထားတဲ့ website ကိုရောက်သွားမယ်။ ပြီးရင် အဲဒီမှာ ဝယ်မယ်ပေါ့။

ဝယ်တဲ့ပမာဏရဲ့ percent တစ်ခုကို ကိုယ်က ရပါတယ်။

Affiliate Marketing နည်းဟာ ပိုက်ဆံအများဆုံးရတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ တစ်လကို ဒေါ်လာ (၆) သောင်းအထိ ရနေတဲ့ blogger တွေ တွေ့ဖူးပါတယ်။ ဒါကြောင့် blog ရေးခြင်းဖြင့် ပိုက်ဆံရှာမယ်ဆိုရင် သုံးသင့်တဲ့ နည်းတစ်ခုပါ။

Related: Sponsored Content နည်းဖြင့် ပိုက်ဆံရှာခြင်း

Affiliate Marketing လုပ်ဖို့အတွက် သက်ဆိုင်ရာ website တွေမှာ Affiliate Program တွေ ရှိပါတယ်။ တော်တော်များများမှာ ရှိတယ်။ Amazon, Ebay, Alibaba အစရှိတဲ့ နာမည်ကျော် site တွေရှိသလို နာမည်မကြီးတဲ့ဆိုက်တွေလဲ ရှိတယ်။ နာမည်ကြီးဆိုက်တွေမှာတော့ Affiliate အဖြစ်လျှောက်မယ်ဆိုရင် နည်းနည်းချေတယ်ဗျ။ Blog traffic တောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။

အဲ Affiliate လုပ်ချင်တဲ့ Blogger တွေနဲ့ Affiliate ပေးချင်တဲ့  ကုမ္ပဏီတွေကြား ချိတ်ပေးတဲ့ ဆိုက်ဒ်တွေလဲ ရှိသေးတယ်ဗျ။

ဥပမာ ဒီ ဆိုက်ဒ်နှစ်ခုကို ဝင်ကြည့်ကြည့်လိုက်…
www.cj.com
www.clickbank.com

အဲလိုဆိုက်မျိုးတွေပါ။

Affiliate Marketing လုပ်ဖို့အတွက်လိုအပ်တာကတော့

  • Traffic ရှိတဲ့ Blog တစ်ခုရှိရပါမယ်။ Blog traffic ဟာ ကြုံသလိုလာကြည့်နေကြသူတွေ မဟုတ်ဘဲ အမြဲဝင်ကြည့်နေတာမျိုးဆို ပိုကောင်းသလို တူရာတူရာလူတွေ စုထားတဲ့ Community ပုံစံမျိုး ဖြစ်နေတာဆိုရင် ပိုကောင်းပါတယ်။
  • Online Payment ရှိရပါမယ်။
  • Online Payment ရှိတဲ့ နိုင်ငံကလူတွေ ဖတ်နေတာမျိုး ဖြစ်မှ အဆင်ပြေပါမယ်။

အကယ်၍ မြန်မာနိုင်ငံမှာလဲ နောက်ပိုင်းမှာ Affiliate Program တွေ Network တွေပေါ်လာမယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့။ လောလောဆယ်တော့ နည်းနည်းခက်နေတာတွေ ရှိနေပါသေးတယ်။

နောက်တစ်ပို့စ်မှာ မြန်မာနိုင်ငံမှာလုပ်လို့ရတဲ့ Blog ဖြင့်ပိုက်ဆံရှာခြင်း နည်းလမ်းကို ရေးပေးပါဦးမယ်။

You May Like:  Blog ရေးသားခြင်းဖြင့်  ပိုက်ဆံရှာနည်းအတိုအထွာများ

Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram