Pages

မြန်မာနိုင်ငံနှင့် SEO (SEO မိတ်ဆက်)


SEO ဟာ အတိုကောက်စာလုံးဖြစ်ပြီး အရှည်ပြန်မယ်ဆိုရင် Search Engine Optimization လို့ ရပါတယ်.။ ကိုယ့်ရဲ့ Website ကို Search Engine တွေဖြစ်ကြတဲ့ Google, Bing, Yahoo အစရှိတာတွေရဲ့ Search Result Page တွေမှာ အရှေ့ကိုရောက်နိုင်သမျှရောက်အောင် လုပ်ဆောင်ခြင်းကို SEO လို့ခေါ်ပါတယ်.။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ရာက ယခုလို ပွင့်လင်းလာတဲ့အချိန်မှာ လူတိုင်းလူတိုင်း Mobile Phone တွေကိုယ်စီ ရှိလို့နေကြပြီဖြစ်ပါတယ်.။ လူတိုင်းရဲ့ Mobile Phone ထဲမှာ Facebook, Viber အစရှိတဲ့ App တွေ၊ COC လို ဂိမ်းမျိုးတွေ၊ အခြားကိုယ်သန်ရာသန်ရာ အသုံးပြုနေကြတဲ့ App တွေ ထည့်သွင်းထားကြပါတယ်.။ ဒါပေမယ့် ဒီလို Mobile ခေတ်မျိုးမရောက်ခင် Internet ခေတ်ကြီးတစ်ခေတ်ရှိခဲ့ဖူးပါတယ်.။ ပြောရရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ ခေတ်တစ်ခုလုံးကို ကျော်ချလာခဲ့သလိုပါပဲ.။ ဘယ်ခေတ်လဲဆိုတော့ ယနေ့အချိန်အခါလို Mobile Device တွေမပေါများသေးတဲ့ ကာလ၊ လူတွေဟာ Internet Website တွေကို Laptop တွေ၊ Desktop တွေနဲ့ပဲ အများဆုံး အသုံးပြုနေကြတဲ့ခေတ်ပါ.။ အဲဒီခေတ်တုန်းက အင်တာနက်ရဲ့ အဓိကဝင်ပေါက်ဟာ Search Engine များဖြစ်ပါတယ်.။ အထူးသဖြင့် Google ပေါ့.။

ဥပမာပြောရရင် အခုခေတ် ကျွန်တော်တို့ ဒေါ်လာဈေးကြည့်ချင်တယ်ဆိုပါစို့၊ ကျွန်တော်တို့ရဲ့ ဖုန်းထဲမှာ ဒေါ်လာဈေးအတက်အကျကို ပြပေးတဲ့ App ရှိပြီးသားဖြစ်ပါတယ်.။ ဝင်ကြည့်လိုက်ရုံပါပဲ.။ ဒါပေမယ့် အဲဒီအချိန်တုန်းက Google.com ကိုသွား၊ ကြည့်ချင်တာကို ရိုက်ရှာထည့်၊ ပေါ်လာတဲ့ Link တွေထဲကမှ ဝင်ကြည့်ရတာမျိုးပါ.။

ဒီအခါ ဘာအရေးကြီးလာလဲဆိုတော့ တစ်ယောက်ယောက်က အဲဒီလိုရိုက်ရှာလိုက်တဲ့အချိန်မှာ သင့်ရဲ့ website က ထိပ်ဆုံးမှာ ပေါ်လာဖို့ လိုအပ်လာပါတယ်.။ ထိပ်ဆုံးမှာပေါ်လာတဲ့ Website ဟာ ဝင်ရောက်ကြည့်ရှုမှု အများဆုံးဖြစ်ပါတယ်.။ အတိအကျပြောရရင် Google.com မှာ တစ်ခုခုရိုက်ရှာလိုက်လို့ ပေါ်လာတဲ့ ထိပ်ဆုံး Link ဟာ ဝင်ရောက်ကြည့်ရှုမှု အားလုံးရဲ့ 42 ရာခိုင်နှုန်းကို ရရှိပါတယ်.။ ဒါကြောင့် တစ်ရက်မှာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး Google မှာ ရှာဖွေသူ 100 ရှိရင် 42 ယောက်ဟာ ထိပ်ဆုံးက Link ကို ရောက်သွားတဲ့သဘောပါပဲ.။ ဒုတိယမြောက် Link ကို ဝင်ရောက်ကြည့်ရှုသူ 25 ရာခိုင်နှုန်းရှိပြီး တတိယ Link ကိုတော့ 10 ရာခိုင်နှုန်းက ဝင်ရောက်ကြည့်ရှုပါတယ်.။ ဒါကိုကြည့်ခြင်းအားဖြင့် ထိပ်ဆုံး Link ၃ ခုကို ဝင်ရောက်ကြည့်ရှုသူအရေအတွက်ဟာ ပျမ်းမျှအားဖြင့် 77 ရာခိုင်နှုန်းအထိ ရှိတာကိုတွေ့ရပါတယ်.။ ထိပ်ဆုံး (၃) ခုရဲ့ ပြင်ပက အခြား Link တွေကတော့ ကျန်တဲ့ရာခိုင်နှုန်းတွေကို ခွဲဝေယူကြရတာဖြစ်ပါတယ်.။ ဒီလောက်ဆိုရင် Google မှာ ထိပ်ဆုံးရောက်ဖို့ဟာ ဘာကြောင့်အရေးကြီးသလဲဆိုတာ သိလောက်ပြီထင်ပါတယ်.။

ဒီနေရာမှာ ဘာကြောင့် Google ကိုပဲ အသားပေးပြောနေရတာလဲဆိုတာ နည်းနည်းရှင်းပြချင်ပါတယ်.။ အင်တာနက်ပေါ်မှာ Search Engine ပေါင်းများစွာ ရှိပေမယ့် အသုံးအများဆုံးက Google ဖြစ်တဲ့အတွက် Google ကို အပိုင်ကိုင်ထားနိုင်ရင် User အများစုကို ထိန်းချုပ်ထားနိုင်မှာဖြစ်လို့ ဖြစ်ပါတယ်.။

အခုခေတ်လို Mobile Device တွေ ပေါများလာတဲ့ခေတ်မှာ Google ဟာ အင်တာနက်ရဲ့ ဝင်ပေါက်အဖြစ်ကနေ အနည်းငယ်လျော့ကျလာပါတယ်.။ ဒါပေမယ့် လုံးဝ အသုံးမပြုတာမျိုးတော့ မဟုတ်သေးပါဘူး.။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဖုန်းထဲမှာ အဆင်သင့်မရှိတဲ့ အချက်အလက်မျိုးကို ရှာဖွေချင်တယ်ဆိုရင် Google မှာ ရှာနေရတုန်းပါပဲ.။ ဒါကြောင့် SEO ဟာ အရေးကြီးနေဆဲပဲဖြစ်ပါတယ်.။ ရှေ့လာမယ့် ဆောင်းပါးမှာ SEO ရဲ့ အခြေခံသဘောတရား (၃) ခုဖြစ်တဲ့ On-page, Off-page နဲ့ Violations တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်.။

SEO ဆောင်းပါးများ အားလုံးဖတ်ရန်

Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram