Pages

Facebook မှာ Content ရေးတော့မယ်ဆိုရင်..


- သင်ရေးမယ့်အကြောင်းအရာက ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းကောင်း၊ အရေးမတတ်ရင် လူဖတ်နည်းမှာပဲ။ တင်မယ့်ပုံ ဒီဇိုင်းနဲ့ စာရေးဖို့ အတွက် အချိန်နည်းနည်းသုံးပြီး ဖတ်လို့ကောင်းမယ့် ပုံစံမျိုး ကြိုးစားရေးသင့်တယ်..

- တိုတိုတုတ်တုတ်နဲ့ ထိထိမိမိရေးထားတဲ့ စာမျိုးတွေက Facebook မှာ ပိုအဆင်ပြေတယ်။ ဒါပေမယ့် ကိုယ်ရေးမယ့်အကြောင်းအရာက အတင်းကြီး ချုံ့ရေးလို့မရတဲ့ ဟာမျိုးဆိုရင်တော့ တိုချင်ဇောနဲ့ စွတ်ပြီးမချုံ့သင့်ဘူး.. Quality ကောင်းတယ်ဆိုရင် နည်းနည်းရှည်ရင်လဲဖတ်ကြမှာပါပဲ..

- Facebook မှာ PPT ဆိုတဲ့ Service ရှိတယ်.. ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီမယ့် Audience ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်.. Reach တော့ကျရင်ကျသွားလိမ့်မယ်.. ဒါပေမယ့် ကိုယ်ရေးတဲ့ အကြောင်းအရာကို စိတ်မဝင်စားတဲ့သူတွေဆီ အများကြိးရောက်နေတာထက်စာရင် စိတ်ဝင်စားတဲ့ လူအနည်းစုဆီပဲ ရောက်ပြီး အားလုံးက Engage လုပ်တာက ပိုပြီး အကျိုးရှိတယ်..

- Insight ကိုပြန်ကြည့်ပါ.. ပို့စ်တွေ တစ်ခုခုနဲ့တစ်ခု ယှဉ်ပြီး တိုင်းတာပါ.. ဒီနည်းအားဖြင့် ဘယ်လိုပို့စ်မျိုးက အကောင်းဆုံးဖြစ်မလဲ ရွေးချယ်ပြီး အဲဒီလို ပို့စ်မျိုးကို များများ Create လုပ်ပါ။

www.aungmonchan.com
Digital Marketing Blog

Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram