Content Marketing ကို ခွဲခြမ်းစိတ်ဖြာရင် ဒီလိုတွေ့ရလိမ့်မယ်..
(၁) နားထောင်
(၂) ဘယ်လို Content ဖန်တီးရမလဲ၊ ဘာအကြောင်းအရာကို ဖန်တီးမလဲ ဆုံးဖြတ်
(၃) ဖန်တီး
(၄) ထုတ်လွှင့်
(၅) ပြန်လည်တိုင်းတာ၊ ကောက်ချက်ချ၊ အဖြေထုတ်
(၆) အစကပြန်စ
(၂) ဘယ်လို Content ဖန်တီးရမလဲ၊ ဘာအကြောင်းအရာကို ဖန်တီးမလဲ ဆုံးဖြတ်
(၃) ဖန်တီး
(၄) ထုတ်လွှင့်
(၅) ပြန်လည်တိုင်းတာ၊ ကောက်ချက်ချ၊ အဖြေထုတ်
(၆) အစကပြန်စ
(၁) Fan တွေကဘာလိုချင်လဲ၊ ဘယ်မေးခွန်းတွေ မေးနေကြလဲ၊ ဘာသိချင်နေကြလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံနေကြရလဲ... နားထောင်ပါ၊ သိအောင်လုပ်ပါ။
(၂) Fan တွေလိုချင်တာကို သိပြီဆိုရင် ဘယ်လို Content ဖန်တီးရမလဲ၊ ဘာအကြောင်းအရာကို ဖန်တီးမှာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ဖန်တီးမလဲ (ပုံလား၊ ဆောင်းပါးလား၊ ဗွီဒီယိုလား၊ Live လား) ဆုံးဖြတ်လို့ရပြီ...
(၃) ဆုံးဖြတ်ပြီးရင် တကယ့် Content ကို ဖန်တီးပေတော့၊ စာရေးစရာရှိ ရေး၊ ပုံဆွဲစရာရှိဆွဲ၊ ဗွီဒီယိုရိုက်ရင် ရိုက်...
(၄) ဖန်တီးပြီးရင် တင်လို့ရပြီ.. blog မှာတင်၊ social media တွေပေါ်မှာတင်၊ Email နဲ့ပို့...
(၅) တင်ထားတဲ့ Content ကို လာဖတ်သူဘယ်နှယောက် ရှိလဲ၊ Social Media မှာ Like, Favorite, Share, Comment, Engage လုပ်သူ ဘယ်လောက်ရှိလဲ၊ Content က Viral ဖြစ်သွားလား (ပေါက်သွားလား)၊ Feedback က ကောင်းလား၊ ဆိုးလား၊ Fan တွေ သိချင်တာနဲ့ ကိုက်ရဲ့လား၊ ဘာတွေထပ်မေးကြတုန်း၊ တိုင်းတာပါ၊ ကောက်ချက်ချပါ၊ အဖြေပြန်ထုတ်ပါ။
(၆) ရလာတဲ့အချက်အလက်တွေကို သုံးပြီး နောက်ထပ် Content တွေဖန်တီး၊ အစက ပြန်စ...
No comments:
Post a Comment