Pages

Digital Marketer များအတွက် 2017 ခုနှစ်မှာ မျှော်လင့်ထားရမယ့် Trend (၁၁) ခု


2016 ကုန်ခါနီးပါပြီ။ မကြာခင်အချိန်အတွင်း 2017 ကို စတင်ရောက်ရှိပါတော့မယ်။ 2017 ခုနှစ်ဟာ စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ စတင်ရမှာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံကို ပိတ်ပင်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားသွားတော့မှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုပြီး ဝင်လာဖို့ ရှိနေသလို ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိစေမယ့် အခြားနည်းပညာအသစ်တွေလဲ ပွင့်လင်းလာဖို့ရှိပါတယ်။ 2017 ကို ကြိုတင်မျှော်လင့်ကြည့်ရရင်

(၁) Facebook ဟာ မြန်မာ့အသုံးအများဆုံး Social Media ဖြစ်နေဦးမှာပါပဲ။

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုသူ ၁၂ သန်းရှိနေပြီဖြစ်တဲ့ Facebook ဟာ 2017 မှာလဲ ဒီထက်ပိုပြီး  တိုးတက်လာဖို့ပဲ ရှိနေပါတယ်။ ဒီမှာ ကျွန်တော်တို့ မျက်ခြေမပျက်သင့်တဲ့အချက်တွေကတော့

  • 2017 မှာ Facebook page တွေ ဒီထက်ပိုပြီး တိုးများလာမှာဖြစ်တဲ့အတွက် Organic Reach ပိုပြီး နည်းလာပါလိမ့်မယ်။ ဆိုလိုတာကတော့ Facebook ကြော်ငြာခအတွက် ဒီနှစ်သုံးတဲ့ ပိုက်ဆံထက် နောက်နှစ်မှာ ပိုသုံးဖို့ လိုပါလိမ့်မယ်။
  • Facebook ရဲ့ နောက်တိုး Feature များဖြစ်တဲ့ Canvas, Live Video, Live Audio, 360 video, 360 photo, Live photo, Shop, Marketplace, Messenger Platform တွေကို ဂရုစိုက်ပြီး မျက်ခြေမပြတ်ကြည့်ပါ။ 2017 Content Marketing ဟာ ဒါတွေအပေါ်မှာ ပိုပြီး မှီခိုလာရနိုင်ပါတယ်။
  • 2017 မှာ  SME တွေနဲ့ Multinational Brand တွေရဲ့ Marketing Budget ဟာ Digital ဘက်ကို ပိုရွေ့လာဖို့ ရှိတဲ့အတွက် Digital Marketing နဲ့ပတ်သက်ပြီး အများကြီး ပြင်ဆင်ထားကြဖို့ လိုအပ်ပါလိမ့်မယ်။


(၂) Digital Marketing ဟာ Facebook Marketing ကို ပြောတာမဟုတ်ပါဘူး။ မှားတတ်ကြလို့။ Facebook Marketing ဆိုတာ Digital Marketing ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ပါတယ်။

အကယ်၍ Digital Marketing တစ်ခုလုံးကို မလေ့လာနိုင်ရင်တောင် Facebook Marketing ကနေတဆင့်တက်ပြီး Social Media Marketing လောက်ကိုတော့ လေ့လာကြဖို့ တိုက်တွန်းချင်တယ်။ Facebook မှာတင် လမ်းမဆုံးကြပါစေနဲ့။

(၃) မြန်မာနိုင်ငံအတွက် အခြား Social Media တွေထဲမှာ ပထမဆုံး ပြေးမြင်တာ Instagram ပါ။ လတ်တလော မြန်မာနိုင်ငံမှာ Instagram သုံးသူ (၃) သိန်းမှ (၄) သိန်းကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်လိုလုပ်ငန်းမျိုးတွေက Instagram အတွက် သင့်တော်လဲဆိုတော့

  • အစားအသောက်၊ စားသောက်ဆိုင်
  • လက်ဆောင်ပစ္စည်း၊ Gift & Floral
  • အလှအပ၊ ဖက်ရှင်၊ မိတ်ကပ်၊ Cosmetic
  • Travel & Tours
  • Fitness and Gyms
  • Photography ၊ ဓာတ်ပုံနှင့်ပတ်သက်သော လုပ်ငန်း
  • လူငယ်များ၊ အထူးသဖြင့် မိန်းကလေးများနှင့် ပတ်သက်သော လုပ်ငန်း
  • Mid-High to High End ကို ရည်ရွယ်သော လုပ်ငန်း


အစရှိတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။

Instagram Business Account တွေဖွင့်ပြီး Promote လုပ်လို့ရပြီဖြစ်သလို Insights တွေလဲကြည့်လို့ရနေပါပြီ။ သုံးကြည့်ပါ၊ စမ်းကြည့်ပါ၊ လေ့လာကြည့်ပါ။

(၄) နောက်တစ်ခုက LinkedIn ပါ။

မြန်မာနိုင်ငံအတွင်း LinkedIn သုံးသူ (၃) သိန်း ပတ်ဝန်းကျင်ရှိပါတယ်။ Professional Network ဖြစ်တဲ့အတွက် လူသန့်တယ်၊ ဓာတ်ပုံအမှန်တွေ တင်ထားကြတယ်၊ “ဦးဘဂျမ်းသမီး အကြီးမ” တွေဘာတွေ မရှိဘူး။ B2B ရောင်းလို့ရတယ်၊ Recruitment လုပ်လို့ရတယ်၊ Professional သင်တန်းတွေဘာတွေ ကောင်းတယ်။
သူ့မှာလဲ Promote လုပ်လို့ရပါတယ်။ ဈေးတော့ကြီးတယ်၊ ထိရောက်မှုတော့ နည်းနည်းရှိပါတယ်။

(၅) Content, Content, Content, Content, Content (Sigh)

ဟုတ်ပါတယ်။ Content ကို အာရုံစိုက်ပါ။ 2017 မှာ လူတွေဟာ ဒီထက်ပိုပြီး Content ကို ပိုတောင့်တကြပါလိမ့်မယ်။ လူတွေ စိတ်ဝင်စားမှု အရှိဆုံးဖြစ်စေမယ့် Content တွေကို ဖန်တီးပါ။ စာရေးသားမှုထက် အလှုပ်ပိုများတဲ့ Content ကို ပိုဖန်တီးစေချင်ပါတယ်။ ဥပမာ Video ပေါ့။

GIF နဲ့ Animation တွေကိုလဲ ပိုပြီး အာရုံစိုက်စေချင်ပါတယ်။ နောက်ပိုင်းမှာ Interactive Content လိုမျိုးတွေကို ပိုသုံးကြဖို့ ရှိပါတယ်။

(၆) နိုင်ငံတကာသုံး Payment Method  (ဥပမာ PayPal) လိုမျိုးတွေ ဝင်လာဖို့ရှိနေပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် မြန်မာနိုင်ငံမှာ Ecommerce တစ်ခေတ်ဆန်းတော့မယ်လို့ ဆိုလိုတာပါပဲ။ အိမ်မှတဆင့် ထိုင်ရာမထ ဈေးဝယ်နိုင်ရုံတင်မက ငွေပေးငွေချေမှုပါ လုပ်လာနိုင်ဖို့ ရှိပါတယ်။ 2017 မှာ အပြည့်အဝ မဟုတ်ရင်တောင် အစပျိုးဖို့ မျှော်လင့်ထားပါတယ်။

Online Shopping တွေအနေနဲ့ Payment Method တွေအကြောင်း လေ့လာထားပါ။ ကိုယ့်ရဲ့ Shop မှာ Integrate လုပ်ဖို့ ပြင်ဆင်ထားကြပါ။ Facebook မှာတင်မဟုတ်ဘဲ Website နဲ့ App တွေရှိရင် ပိုကောင်းမှာပါ။

(၇) Messaging App တွေ ကျဆင်းဖို့ ရှိနေပါတယ်။ သိတဲ့အတိုင်း လူတွေက Facebook နဲ့ Messenger ပေါ်မှာပဲ အနေများလာတော့ App တွေ နည်းနည်း အသုံးနည်းလာကြတယ်။ Viber, We Chat, LINE, Beetalk, Whatsapp နဲ့ Zalo တို့ဆိုပြီး အများကြီးရှိနေတဲ့ကြားမှာ ရွေးရခက်လာကြတယ်ထင်တာပဲ။ နောက်ဆုံးကျတော့ ဘူမိနက်သန် Facebook ကိုပဲ ပြန်ရောက်လာကြတယ်။ (ဒီတစ်ချက်ကတော့ ကျွန်တော့်အမြင်ပါ၊ မှန်ချင်မှလဲ မှန်မှာပေါ့)

(၈) Content Platform တွေကတော့ ရှိနေဦးမှာပါပဲ။ News portal တွေနဲ့ Content Website တွေကတော့ အရင်ကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိတယ်။ နောက်ဆုံးမှာ User တွေအတွက် အကောင်းဆုံး၊ အမှန်ကန်ဆုံး နဲ့ တန်ဖိုးအရှိဆုံး Content တွေ တင်ဆက်နိုင်တဲ့ သူတွေက အနိုင်ရမှာပါ။

(၉) လူတွေက ကြော်ငြာကို ကြော်ငြာမှန်း သိလာကြတဲ့အခါ ကြော်ငြာနည်းတွေ ပြောင်းကြရလိမ့်မယ်။

2017 မှာ Digital Media Buying ခေါင်းစဉ်အောက်က Sponsored Content တို့ Review Content တို့ Social Influencer, KOL Campaign တွေ ပိုခေတ်စားဖို့ ရှိပါတယ်။ Digital Marketing သမားတွေအနေနဲ့ ဒါလေးတွေကို ပိုပြီး လေ့လာထားသင့်ပါတယ်။

(၁၀) မြန်မာနိုင်ငံမှာ B2B တွေကလွဲရင် Email Marketing ပိုအသုံးနည်းလာလိမ့်မယ်။အဲဒီအစား SMS ကနေ Message ပို့တဲ့ SMS Marketing လိုမျိုးတွေ ပိုသုံးဖြစ်လာကြလိမ့်မယ်။ Mobile အသုံးပြုနှုန်း ပိုများလာမှာဖြစ်တဲ့အတွက် SMS Marketing က ပိုကောင်းလာဖို့ ရှိပါတယ်။

(၁၁) SEO, SEM, Display Network နဲ့ Youtube Ads တွေကိုလဲ မေ့မနေကြပါနဲ့ဦး။ 2017 မှာ အဓိက အာရုံစိုက်သင့်တဲ့အထဲမှာ ဒါတွေကလဲ အဓိကအခန်းကဏ္ဍက ပါနေဆဲပါ။

SEO – Mobile ကနေတဆင့် Google မှာ ရှာနေကြတုန်းပါပဲ။ Website တွေရဲ့ Rank တွေတက်လာဖို့ လိုအပ်နေဆဲပါ။

SEM - အလွယ်တကူ မလုပ်နိုင်ခဲ့ရင် Google ရဲ့ AdWords ကနေတဆင့် ကြော်ငြာထည့်သွင်းနိုင်ပါတယ်။

Display Networks – Ad Blocker တွေရှိနေပေမယ့် အများစုဟာ Mobile က လာနေတာဖြစ်တဲ့အတွက်ရယ်၊ Ad Blocker ထည့်ရကောင်းမှန်း မသိတဲ့အတွက်ရယ် အသုံးတော့ ဝင်နေဦးမှာပါ။

YouTube Ads - မြန်မာနိုင်ငံမှာ YouTube ကြည့်ရှုသူ လစဉ် (၁) သန်းကျော်ရှိပါတယ်။ YouTube Ads တွေဟာ အသုံးဝင်နေဆဲပါ။


2017 ဟာ Digital ပိုင်းကို ပိုအာရုံစိုက်ရမယ့် နှစ် ဖြစ်တာနဲ့အညီ ကျွန်တော့အနေနဲ့လဲ Blog တွေ ပိုရေးဖို့  ရှိသလို အခြား Content Type တွေဖြစ်တဲ့ Video, Podcast နဲ့ Live တွေလဲ လုပ်သွားဖို့ရှိပါတယ်။ အပန်းမကြီးရင် ကျွန်တော့် Page ကို Like လုပ်ထားပေးဖို့ တောင်းဆိုပါရစေ။ 2017 မှာ အတူတူအောင်မြင်ကြဖို့ ဆန္ဒရှိပါတယ်။ အားလုံးပဲ Happy New Year ပါ။

Unknown

YOU MIGHT ALSO LIKE

No comments:

Post a Comment

Instagram